• Change Language
  • English
  • ဗမာစာ

How We Set Up This

Vision & Mission

  • အဖွဲ့၏ဆောင်ပုဒ်

  • “ လူ့ဘောင်အလင်း ဒို့ဆောင်ကြဉ်း ”
  • ရည်မှန်းချက်

  • မသန်စွမ်းထုတစ်ရပ်လုံး အမှီအခိုကင်းပြီး ၎င်းတို့၏စွမ်းရည်များကို အပြည့်အ၀ အသုံးချ နိုင်သောအားလုံးအတွက် အခွင့်အရေး တန်းတူညီမျှရရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်။
  • ရည်ရွယ်ချက်

  • “မသန်စွမ်းသူများ လူမှုအသိုက်အဝန်းအတွင်း ပိုမိုအကျုံးဝင်လာရေးနှင့် ၎င်းတို့၏ အခွင့်အရေးများ တိုးတက်ရရှိလာရေး ဆောင်ရွက်နေစဉ်တွင် ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်၊ ဘ၀ရပ်တည်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးပြီး လိုအပ်သောကူညီ ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်။”

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မီလီ)ဆိုသည်မှာ

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မီလီ) သည် ၂၀၁၁ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က(မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/ဝ၆၅၁)ဖြင့် အသိအမှတ်ပြုထား သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူကာ  မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မသန်စွမ်း သူများ ကိုယ်တိုင်ဆုံးဖြတ် ဘဝရပ်တည်နိုင်ရေး၊ သာတူညီမျှအခွင့်အရေးရရှိရေးနှင့် လူ့အဖွဲ့အစည်းအတွင်း အလုံးစုံအကျုံး ဝင်နိုင်စေရေး တို့ကို ရည်မှန်းချက်ထားဆောင်ရွက်နေပါသည်။  လက်ရှိတွင် မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းနှင့်  အလုပ်အကိုင်၊ အတားအဆီးကင်း ဝန်းကျင်ဖော်ဆောင်ရေး၊ အားကစား၊ အနုပညာ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် မသန်စွမ်းသူများအကျုံးဝင်ပါဝင်ရေးနှင့်အခွင့်အရေးများ တိုးတက်ရရှိစေရေးတို့ အတွက် ဆောင်ရွက် လျက်ရှိပါသည်။ အဖွဲ့၏ရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် နယ်ရုံးခွဲပေါင်း ၂၈ ခု ရှိသည်။ အဖွဲ့ကို ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင် နှင့် နိုင်ငံရေး မဏ္ဍိုင် ဟူသည့် မဏ္ဍိုင် (၃) ရပ် ဖြင့် တည်ဆောက်ထားသည်။

အဖွဲ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း

မသန်စွမ်းသူများ အခွင့်အရေးကိစ္စ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကိုယ်တိုင် မသန်စွမ်းသူများဖြစ်သော ဦးနေလင်းစိုး၊ ဦးအောင်ကိုမြင့်၊ ဒေါ်ယုယသူ၊ ဒေါ်မေခန့်ချစ်ခင်၊ နော်ဗြူးထေဘရိုက်နှင့် မသန်စွမ်းသူများအရေးကိစ္စ စိတ်ဝင်စားသူ ဒေါ်နွေးဇာခြည်စိုးတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝန်းရှိ မသန်စွမ်းသူများ အခွင့်အရေးတန်းတူညီမျှရရှိလာရေး၊ ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည် လာနိုင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အပြည့်အ၀ ဝင်ဆံ့လာ နိုင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Initiative)ကို ၂၀၁၁ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် အဖွဲ့၏ဖွဲ့စည်းပုံအင်အားကို တိုးချဲ့ခဲ့ပြီး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ တရားဝင်အသင်းအဖွဲ့အဖြစ် စတင်မှတ်ပုံတင်ခဲ့ပါသည်။

Target Group

  • မသန်စွမ်းကလေးသူငယ်များ ၊ မသန်စွမ်းအမျိုးသမီးများ ၊ မသန်စွမ်းလူငယ်များ အပါအဝင် မသန်စွမ်းသူများအားလုံး-
  • ၁၁. မျက်စိမမြင်သူ သို့မဟုတ် အမြင်အာရုံချို့ယွင်းအားနည်းသူ၊
  • ၁၁. နားမကြားသူ သို့မဟုတ် အပြောအကြားအာရုံချို့ယွင်းအားနည်းသူ၊
  • ၁၁. ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ (သိုမဟုတ်) ကိုယ်ကာယလှုပ်ရှားနိုင်မှုချို့ယွင်းအားနည်းသူ၊
  • ၁၁. စိတ်ပိုင်း ၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းချိုယွင်းအားနည်းသူ၊
  • ၁၁. ကိုယ်ကာယ ၊ အမြင် ၊ အပြော ၊ အကြား ၊ အသိဉာဏ် ၊ စိတ်ပိုင်း ၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း ၊ အာရုံခံစားမှု ပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍  ချို့ယွင်းအားနည်းချက်ရှိသူများ၊
  • ၁၁. အနာကြီးရောဂါကြောင့် မသန်စွမ်းဖြစ်သွားရသူများ၊
  • ၁၁. အသက်အရွယ်ကြောင့်ဖြစ်စေ နာတာရှည်ရောဂါကြောင့်ဖြစ်စေနေ့စဉ် ပုံမှန်လုပ်ငန်းဆောင် တာမလုပ်ဆောင်နိုင်သူများ၊
  • ၁၁. သက်ကြီးရွယ်အိုမသန်စွမ်းသူများ၊
  • ၁၁. ထိခိုက်လွယ်သောအုပ်စုများ (တိုင်းရင်းသားလူနည်းစုများ၊ လိင်စိတ်ဝိသေသလက္ခဏာ ခံယူမှုကွဲပြားသူများ(LGBTIQAs)၊