မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မီလီ)ဆိုသည်မှာ
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မီလီ) သည် ၂၀၁၁ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က(မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/ဝ၆၅၁)ဖြင့် အသိအမှတ်ပြုထား သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူကာ မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မသန်စွမ်း သူများ ကိုယ်တိုင်ဆုံးဖြတ် ဘဝရပ်တည်နိုင်ရေး၊ သာတူညီမျှအခွင့်အရေးရရှိရေးနှင့် လူ့အဖွဲ့အစည်းအတွင်း အလုံးစုံအကျုံး ဝင်နိုင်စေရေး တို့ကို ရည်မှန်းချက်ထားဆောင်ရွက်နေပါသည်။ လက်ရှိတွင် မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်၊ အတားအဆီးကင်း ဝန်းကျင်ဖော်ဆောင်ရေး၊ အားကစား၊ အနုပညာ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် မသန်စွမ်းသူများအကျုံးဝင်ပါဝင်ရေးနှင့်အခွင့်အရေးများ တိုးတက်ရရှိစေရေးတို့ အတွက် ဆောင်ရွက် လျက်ရှိပါသည်။ အဖွဲ့၏ရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် နယ်ရုံးခွဲပေါင်း ၂၈ ခု ရှိသည်။ အဖွဲ့ကို ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင် နှင့် နိုင်ငံရေး မဏ္ဍိုင် ဟူသည့် မဏ္ဍိုင် (၃) ရပ် ဖြင့် တည်ဆောက်ထားသည်။